လမင်းကကြိုး. Powered by Blogger.
RSS

လမင်းကကြိုး မှ ကြိုဆိုပါ၏။...

Golden Call Locator v1.0.0.2 for Android



Android OS ဖုန်းကိုင်သူတိုင်းကြိုက်နှစ်သက်ကြမယ့်ဆော့ဝဲအလန်းနဲ့မိတ်ဆက်ပေးပါတော့မယ်။
ဆော့ဝဲရဲ့နာမည်ကတော့ Golden Call Locator လို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝင်လာရင် အဲဒီဖုန်းက ဘယ်လမ်း ၊ဘယ်မြို့နယ် ၊ ဘယ်လိပ်စာ ၊ ဘယ်မြို့ ၊ ဘယ်ပြည်နယ်/တိုင်းဒေသကြီးကဆိုတာကို အတိအကျဖော်ပြပေးပါတယ်။ ၀င်လာတဲ့ဖုန်းတင်မဟုတ်ဘဲ ဖုန်းနံပါတ်ရိုက်ထည့်လိုက်ရင်လည်း လိပ်စာဖော်ပြပေးနိုင်ပါတယ်။ ကြိုက်သွားကြပြီမလား ။ ကြိုးဖုန်းနဲ့ခေါ်လာတာတွေကိုပဲ ဒီဆော့ဝဲကဖော်ပြပေးပါတယ်။ Golden Call Locator ဆော့ဝဲလေးက မြန်မာပြည်မှာသာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Golden Call Locator for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Mirror link:
Golden Call Locator v1.0.0.2 for Android (Link 1)
Golden Call Locator v1.0.0.2 for Android (Link 2) (Upload by Kyawzaw Thu)

credit : myanmar mobile app

 

Android World Myanmar (Android ကမ္ဘာ) မှပြန်လည်းကးယူတင်ပြပါသည် လေးစားစွာဖြင့် ***လမင်းကကြိုး**

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လိပ်လိုနှေးတဲ့ GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software ပါ။



Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။
 ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ... H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..ကျနော်စမ်းသပ်ချက်အရတော့ ကွန်ပျူတာ သုံးလုံးအထိ ကောင်းကောင်းခွဲသုံးလို့ရခဲ့သလို သုံးနေရင်းတစ်ပြိုင်နက်တည်း Kaspersky Antivirus Update ကိုလည်း Download ချလို့ရအောင် မြန်ဆန်ခဲပါတယ်.. အရင် GSM Connection နဲ့ဆိုရင် Update လုပ်ဖို့ဆိုတာ အသာထား..ကွန်ပျူတာနဲ့အင်တာနက်ချိတ်လိုက်ပီဆိုရင်ကို လိမ်ဖယ်လိမ်ဖယ်နဲ့တက်နေရတာပါ...အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ..အဆင်ပြေရင် Comment လေးတွေမြင်ချင်ပါတယ်။
ကျနော်ကတော့ GSM ကနေ လိုင်းကောင်းကောင်းလေးသုံးနည်း သိလိုက်ရတဲ့အတွက် ပျော်တယ်ဗျာ..မိတ်ဆွေတို့လဲ ကျနော့်နည့်းတူပျော်စေချင်ပါတယ်ခင်ဗျာ..။


ဝင်းကမ္ဘာကျော်ရဲ့ ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်..

လင့်အသစ်ပြန်တင်ပေးထားပါတယ်.. ဖိုင်နာမည်က de.mangelow.network.apk ဖြစ်ပါတယ်..

Download From Dev-Host  Soldifiles or Tusfiles or SendSpace

or Zippyshare

 Android World Myanmar (Android ကမ္ဘာ) မှပြန်လည်းကးယူတင်ပြပါသည် လေးစားစွာဖြင့် ***လမင်းကကြိုး**

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗုဒ္ဓဘာသာဆိုင်ရာ Android App များ

ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ Android ဖုန်းအတွက် Application တွေကို ကျွန်တော် သိသလောက် ဝေမျှ
ပေးလိုက်ပါတယ်။ တချို့ကတော့ ဟိုး... အရင်ကတည်းက ထွက်ပေါ်ထားတဲ့ App တွေဖြစ်ပါတယ်။ အခု
ထွက်လာတာကတော့ ကိုးန၀င်း စိတ်ပုတီးစိတ်သူတို့အတွက် ကိုးန၀င်း App ဖြစ်ပါတယ်ဗျာ။ စိတ်ပုတီး
စိတ်နည်းကို လေ့လာနိုင်တဲ့အပြင် ဘယ်နေ့တွေမှာ ဘယ်လိုစိတ်ပုတီးစိတ်မလဲ ဆိုတာ ညွှန်ကြားထားပါ
တယ်။ ဒီ App လေးကိုတော့ မောက်မောက်လေး မှ ရယူလာတာ ဖြစ်တဲ့အတွက် မောက်မောက်လေး ကို
Credit ပေးပါတယ်။


ကိုးန၀င်း App ဒေါင်းရန် 
 >>> Download <<< From Sendspace
>>> Download <<< From Files.com
ဒါလေးကတော့ အရင်က ထွက်ရှိပြီးသား Dhamma Cycle ဖြစ်ပါတယ်။ 
 >>> Download <<< From MediaFire
>>> Download <<< From 4Shared
မြတ်ဗုဒ္ဓ၏ တရားတော်များ Dhamma Droid ဖြစ်ပါတယ်။ 
 >>> Download <<< From Mediafire
>>> Download <<< From 4Shared
ပရိတ် Application တစ်ခုဖြစ်တဲ့ Myanmar HUB ဖြစ်ပါတယ်။ 
>>> Download <<< From Mediafire 
>>> Download <<< From 4Shared
 
Android World Myanmar (Android ကမ္ဘာ) မှပြန် မှပြန်လည်းကးယူတင်ပြပါသည် လေးစားစွာဖြင့် ***လမင်းကကြိုး***

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

APK ကို မြန်မာမှုပြုခြင်း အသေးစိတ်

Android Device မှာ Install ပြီး ဆော့ကစားကြတဲ့ ဂိမ်းလေးတွေ၊ Facebook, Twitter ကဲ့သို့သော Social
app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>> http://apkmultitool.com/?q=node/5  ဖြစ်ပါတယ်။




ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန်      >>>Download <<<

ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။

ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။

အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။

နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။

ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။

framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။

ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။ 

 _______________________________________________________________________
လုပ်ငန်းစဉ် တော်တော် များများကို ပြီးမြောက်သွားပါပြီ။ မြန်မာမှုပြုဖို့ အတွက် စတင်ပါတော့မယ် ....။
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။

တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။

place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။

apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။  ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။

ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။ 

မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။

ပြီးရင် အောက်ပါပုံအတိုင်း </string> ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။

အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။

အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။

ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။
  
Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။  System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D
1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။ 
ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။ 
အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။ 
ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါဗျာ...။ 
:o  ...  ဟူး ... ပီး တွား ပီ !!! :P 
အားလုံးကို ကျေးဇူးတင်ပါတယ် ...။ 
ဖတ်ရှုပေးတဲ့ အတွက် .... :D 
 
Copy From : http://kogyikaunghtet.blogspot.com/2013/06/apk.html
 
Android World Myanmar (Android ကမ္ဘာ) မှပြန်လည်းကးယူတင်ပြပါသည် လေးစားစွာဖြင့် ***လမင်းကကြိုး***

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Myandroid Tool v1.2.1


မြန်မာ Developer တွေလုပ်ထားတဲ့ Android Root Tool လေးပါ။ ဖိုင်ဆိုဒ်ကတော့ 70 MB ကျော်ဖြစ်ပါတယ်။ Root Tool သာပြောတာ။ တကယ်တော့ Pattern Lock reset, Zawgyi Font, Theme, Factory Reset စတာတွေရောပါပါတယ်။ ဒီ Tool ကိုအသုံးပြုဖို့ Root လုပ်ထားပြီးသားဖြစ်ဖို့တော့လိုပါမယ်။ Zawgyi Font ထည့်ပြီးရင်တော့ ဖောင့်အတွက် ဒီ Tool ကိုမသုံးဖို့ အကြံပြု5ထားပါတယ်။ Tools ထဲမှာ Readme File လေးတွေနဲ့သေချာရှင်းပြထားပါတယ်။

Download link:

Credit: www.myanmarmobilesoftwaredeveloper.com

Android World Myanmar (Android ကမ္ဘာ)

 

  

 

မှပြန်လည်းကူးယူးထားပါသည် လေးစားစွာဖြင့် .***လမင်းကကြိုး***

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Android Phone တွေမှာ pattern lock မေ့နေသူများ lock ဖျက်နည်း




http://www.xda-developers.com/wp-content/uploads/2012/08/Pattern-Lock.jpg
Android Phone ကိုင်ဆောင်ထားသူတွေ သိထားသင့် ရှိထားသင့်တဲ့ PC Software လေးတစ်ခု မျှဝေပေးချင်
ပါတယ်ဗျာ။ ဘယ်လိုမျိုးအသုံးဝင်သလည်းဆိုရင် မိမိရဲ့ Phone ကို အခြားသူများဝင်မကြည့်နိုင်စေရန်အ
တွက် Pattern Lock ထားကြပါတယ်။ အဲဒီ Pattern Lock ကို မေ့သွားပြီဆိုရင်တော့ ဖုန်းထဲကိုဝင်လို့မရတော့
ပါဘူး။ အဲဒီတော့ Pattern Lock မေ့တက်သူများအတွက် Pattern Lock ဖျက်တဲ့ Software ကိုတင်ပေးလိုက်ရ
ခြင်းဖြစ်ပါတယ်ဗျာ။ အဲဒီလိုဖျက်ခြင်းအားဖြင့် မိမိရဲ့ Personal Data တွေ တစ်ခုမှပျက်သွားမှာမဟုတ်ပါဘူး။
တစ်ခုတော့ရှိတယ်နော် USB Debugging On ထားခဲ့ဖို့တော့လိုပါတယ်ဗျာ။  On မထားခဲ့မိပြန်ရင်လည်း
Pattern Lock ကိုဖျက်နိုင်မှာမဟုတ်ပါဘူး။ နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ Root လုပ်ထားတဲ့
ဖုန်းများမှသာ Pattern Lock ကိုဖျက်နိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါတွေအားလုံးလုပ်ထားပြီးပြီဆိုရင် Pattern Lock
ကိုဖျက်ဖို့လွယ်သွားပါပြီ။ 
Step - 1 အောက်မှာပေးထားတဲ့ File ကိုဒေါင်းလုပ်ဆွဲပေးပါ။
Step - 2 ဖုန်းနဲ့ကွန်ပြူတာကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။
Step - 3 ဒေါင်းလို့ရလာတဲ့Remove Pattern ဆိုတဲ့ ဖိုဒါထဲက Remove Pattern.bat File ကို Double Click နှိပ်
လိုက်ပါ။
Step - 4 Press any key to continue ဆိုတဲ့ စာတန်းလေးပေါ်လာရင်တော့ Enter ခေါက်ပေးပါ။ ဒါဆိုရင်တော့
ပြီးဆုံးသွားပါပြီ။ Pattern Lock ကိုမိမိစိတ်ကြိုက် ပြန်ပြင်နိုင်ပါပြီ။

အားလုံးဘဲအဆင်ပြေကြပါစေဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

No need mobile shop


 

ဒီနေတော့ computer ရဲ့ အကူညီမလိုပဲ Android  ဖုန်းတစ်လုံးပေါ်မှာပဲ Root ဖောက်နည်း မြန်မာစာသွင်းနည်း မြန်မာစာမမှန်သေးလျှင် မှန်အောင်ပြုလုပ်နည်းလေးတွေကို တင်ဆက်ကပြသွားမည်ဖြစ်ပါတယ် အဲ ယောင်လို..ကဲစကြရအောင်
မစခင်မှာ လိုအပ်တဲ့ ပေါက်တူးတို့ပေါက်ပြားတို့ ဂွတို့ကို အ၇င်ဒေါင်းထားလိုက်ပါ။


http://www.mediafire.com/download/a71l51gihqahqal/Minyelswe.zip


ဒေါင်းပြီးရင် zip ဖြည်ပြီးတော့ ဖိုင်အားလုံးကို ဖုန်းမှာ Install လုပ်လိုက်ပါ
ဖုန်းရဲ့ setting မှာ Unknown sources နဲ့ USB debugging ကို On ထားပါနော်

Step1..Root ဖောက်မယ်

ဖုန်းမှာ install လုပ်ထားတဲ့ Pro Myanmar apk လေးကို ဖွင့်လိုက်ပါ ပြီးရင် Start root ပေါ့။root ဖောက်ပြီးသွားပြီး ခက်သလားဗျ root ဖောက်တာ။

Step2...Myanmar font သွင်းမယ်

ဖုန်းမှာ install လုပ်ထားသော MMSD Smart zawgyi apk လေးကို open လိုက်ပါ။ Root ရှိမရှိ စစ်ဆေးရန်ကိုနိုပ်ပါ။ပြီးရင် မိမိသွင်းလိုသော ဖုန်းအမျိုးအစားကိုေ၇ွးပေးလိုက်ပါ။ဒါဆိုမြန်မာဖာင့်လဲပြီးပြန်ပြီး။

Step3...Myanmar keyboad သွင်းမယ်

keyboard သွင်းနည်းကတော့ လူတိုင်သိနေလို့ မပြောတော့ပါဘူးနော် ကျနော်လဲ စာရိုက်ရတာ ပျင်းလို့။။။။


Step 4...မြန်မာစာမမှန်သောဖုန်းများအတွက် မြန်မာစာမှန်အောင်းသွင်းမယ်

ဖုန်းမှာ install လုပ်ထားသော Fepfz apk လေးကို open လိုက်ပါ။GOT IT ကိုနိုပ်ပါ I AGREE ကိုနိုပ်ပါ PATCH(v2)&REBOOT ကိုနိုပ်ပါ v2 မရခဲ့ရင် v1 ကိုေ၇ွးပေးလိုက်ပါနော် ပြီးရင်တော့ ဖုန်းက REBOOT ကျသွားပြီးပြန်တက်လာရင် တော့ စိတ်မကောင်းစွာဖြင့်သင်ရဲ့ မြန်မာစာမမှန်သော Error ဘယ်ကျပျောက်သွားလဲမသိတော့ပါဘူး။

credit-www.mm-mpxteam.net

www.htwenaingwin.blogspot.com
  

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လမင်းကကြိုး

:::welcome :::
 

လမင်းကကြိုးမှကြိုဆိုပါ၏..
:: ရောက်လာခဲ့သော် သူငယ်ချင်း အပေါင်းအသင်း အားလုံးနွေးထွေးသော်မေတ္တာ ဖြင့် အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်ရယူနိုင်ပါစေလို့ :: ကျနော်
##လမင်းကကြိုး##
ဆုတောင်းမေတ္တာပို့သလျှက် (ဒီနေရာလးနဲ့ပတ်သတ်လို့ အခက်အခဲ ရှိခဲ့လျှင်(သို့) သင်ကြားပြသပေးလိုလျှင်anyataya.poet@gmail.com ကိုဆက်သွယ်ပေးကြပါခင်ဗျာ။
လမင်းကကြိုးမှနွေးထွေးစွာကြိုဆိုပါ၏။


Myanmar Calendar ... Blogger Tips and TricksLatest Tips For BloggersBlogger Tricks